Tuesday, 28 February 2012

Gtalkဘောက်မှပို့လာသောဗိုက်ရက် ကိုသတ်နည်း

Chrome Virus သတ်နည်း

ကျွန်တော်တို့ စက်တွေမှာ တစ်ခါတစ်လေ G-Talk သုံးတဲ့အခါ မိမိကဘာမှမလုပ်ပဲနဲ့ မိမိG-Talk ကနေ သူများဘောက်တွေထဲကို စာတွေလိုက်ရိုက်ထည့်တာမျိုး ကြုံတွေ့ရတတ်ပါတယ်။ အယ့်ဒါ Chrome Virus ကိုက်နေတယ်ဆိုတဲ့ သဘောပါ။ ဒါ့အပြင် Task Manager တို့ Registry တို့ဘာတို့လဲ ဖွင့်လို့မရတော့ပါဘူး။ ကျွန်တော်တို့စက်မှာ တစ်ခါဖြစ်တုန်းကတော့ ကျွန်တော်ကတော့ System Restore လုပ်လိုက်လို့ ပြန်ကောင်းသွားပါတယ်။ အခုဝေမျှချင်တာကတော့ ကိုညီနေမင်းဆိုဒ်ထဲနေ ကိုပြည့်စုံ ရေးထားတဲ့ Chrome Virus သတ်နည်းလေးပါ။ သူက System Restore ပြန်ခေါ်စရာမလိုပဲ သတ်နိုင်တဲ့ နည်းလေးဖြစ်တဲ့အတွက် တကယ်လို့များ မိမိစက်မှာ ကြုံတွေ့လာရင် ဖြေရှင်းနိုင်အောင်လို့ ဝေမျှပေးလိုက်ပါတယ်။ ဒီနည်းကို ကျတော်ကိုညီနေမင်းဆိုဒ်မှ တွေ့လို့ ပြန်လည်ဝေမျှထားကြောင်း အသိပေးအပ်ပါတယ်။ လိုအပ်မယ်ထင်ရင် အောက်မှာဒေါင်းလိုက်ကြပါ။

အောက်က ပုံပေါ် click ပြီး ဒေါင်းပါ။

Tuesday, 17 January 2012

TeamViewer 6.0.11656 Premium Edition

ဒါကတော့ အားလုံးသိပြီးသားပါ. premium license version တွေ့လို့ . တင်ပေး လိုက်ပါတယ်။ အထဲမှာ crack ပါထားပြီးသားပါ. လိုချင်တဲ့သူများ Download လုပ်လိုက်ပါ။ဒါလေးကတော့တယောက်ရဲ့စက်ကိုတယောက်ကဒီစောဝဲလေးနဲ့ပြင်တာမျိုးမသိတာကိုကိုယ်တိုင်
လိုက်လုပ်ပြတာမျိုးတွေမှာသုံးတယ်လို့ဆိုမလားပဲ.....တယောက်ကမြန်မာနိုင်ငံမှာတယောက်ကတခြားနိုင်ငံမှာ
တယောက်ကမသိလို့ဘယ်လိုလုပ်ရမလည်းလို့မေးတာကိုပြောပြလို့နားမလည်တာမျိုးမှာ...ကိုယ်တိုင်ဒီဘက်ကနေ
သူစက်ကိုဝင်လုပ်ပေးမယ်...အဲ့ပတွက်သူစက်မှာကောကိုယ်စက်မှာကောအင်စတောလိုအပ်ပါမယ်....စိတ်ဝင်စားရင်
ဒေါင်းလိုက်ပါ....အဆင်ပြေပါစေ.......



Download ifile.it | Download mediafire

အားလုံးအဆင်ပြေကြပါစေ.....

Friday, 6 January 2012

Flash လုပ်ချင်သူများအတွက်.. SWISH MAX 1


Click ! Image to zoom!

Adobe flash တော့မဟုတ်ပါဘူး.. ဒါပေမယ့် ဒီကောင်ကလေးနဲ့ လုပ်ရတာ လွယ်လည်းလွယ်ကူ ပါတယ် .. အထဲမှာ အခြေခံ ကလေး တွေကိုရေးထားတာကလေးလည်းပါပါတယ် .. ကျွန်တော်လည်း ကျွန်တော့် သူငယ်ချင်းဆီ ကနေပြီးတော့ ယူပြီးတော့ ပြန်မျှလိုက်တဲ့ အတွက် Credit ဘယ်သူ့ကို ပေးရမှန်းမသိဘူး .. ဒါပေမယ့် အထဲမှာတော့ www.mmflashsongs.ning.com ကနေပြီးတော့ ရေးထားတာပါ ... အခုလို စလုပ်မယ့်သူတွေအတွက် လွယ်ကူအောင်လုပ်ပေးတဲ့ အတွက်လည်း www.mmflashsongs.ning.com ကို ကျေးဇူး တင်ပါတယ် .... Adobe Flash CS3 & CS4 တို နဲ့ဆိုရင် ဒီလောက် မလွယ်ပါဘူး ....အဲဒါတွေနဲ့ဆိုရင် စာလုံး Effect ကလေးတစ်ခု ကို ရအောင်လုပ်ဖို့ရာကို တော်တော် လက်ဝင်ပါတယ် ... ဒီကောင်နဲ့က စာလုံးလေးရေးလိုက် .. ပြီးရင် သူ့အထဲမှာပါတဲ့ effect ကလေးတွေထဲက ကိုယ်ကြိုက်တဲ့ Effect ကလေး ရွေးပေးလိုက်ယုံပါတယ် ... ဘာနဲ့တူသလဲဆိုရင် video editing လုပ်တဲ့ Ulead တိုဘာတို့နဲ့တောင် နည်းနည်း တူပါတယ် ..... ကိုယ်တိုင် Flash song ကလေးတွေ လုပ်ချင်သူများအတွက် ဒါကလေးက တော်တော် အဆင်ပြေပါတယ်ခင်ဗျာ ... အောက်မှာ Download လုပ်လိုက်ပါ .... တကယ်လို့များ adobe flash cs3 နဲ့ cs4 software တွေများလိုချင်တယ်ဆိုရင် အောက်မှာ comment ကလေးထားခဲ့ပေးပါဦး .... ကျွန်တော် နောက်ကျရင် မျှပေးပါ့မယ် ....
 
ဒီမှာဒေါင်းသွားလိုက်ပါ.....
MeDiaFire Download 
အားလုံးအဆင်ပြေပျော်ရွှင်နိုင်ပါစေ(လုလင်တဥိးရဲ့အတွေးဆုံမှတ်)

MP 3 Resizer 0 (Mp3 ချုံတဲ့ဆော့ဝဲလ်လေးပါ)


Click ! Image to zoom!


MP 3 Resizer ကလေးပါ .. Portable ဆိုတော့ လိုချင်တဲ့အချိန်မှာ ဖွင့်ပြီးတော့ လုပ်ရုံပါပဲ ... လုပ်နည်းကလည်း လွယ်ပါတယ် ... ကိုယ်ပြောင်းချင်တဲ့ Mp3 သီချင်းလေးတွေ ကိုဆွဲပြီးတော့ အဲဒီ့အထဲကိုထည့်လိုက်ပါ .. ပြီးရင်တော့ အမှန်ခြစ်ကလေးတွေ ခြစ်ပြီးတော့ Start Process ဆိုတာကလေးကို နှိပ်ပေးလိုက်ရုံပါပဲ ... ပြီးရင် output folder ဆိုပြီးတော့ Desktop ပေါ်မှာ ပေါ်လာပါ့မယ် ... အဲဒီ့အထဲမှာ ကိုယ်ပြောင်းလိုက်တဲ့ Mp 3 တွေအကုန်လုံးကိုတွေ့ ရပါ့မယ် .. သီချင်းတစ်ပုဒ်ကို 1 MB လောက်ထိလျော့ချပေးနိုင်ပါတယ် ... 1MB လောက်ဆိုတော့ သီချင်းနည်းရင် သိပ်မသိသာပေမယ့်  သီချင်းများရင် တော့ ပိုပြီးတော့ ထည့်နိုင်တာပေါ့ဗျာ ... အဆင်ပြေမယ်လို့မျှော်လင့်ပါတယ် .. အောက်မှာ ယူလိုက်ပါ ခင်ဗျာ
 ကျွန်တော့သူငယ်ချင်းFlashsongလုပ်တဲ့အချိန်တုန်းကကောင်မလေးတယောက်လက်ဆောင်ပေးချင်တယ်ဆိုပဲ
သူကြိုးစားပန်းစားလုပ်ရှာတယ်ဗျာ....ပြီးတော့သူလင့်ယူဖို့အတွက်ဆိုဒ်ထဲဝင် Uploလုပ်တဲ့အခါဖိုင်ဆိုဒ်ကြီး
နေလေရဲ့ အဲ့အချိန် သွားပြီလို့ငြီးငြူလိုက်တဲ့သူငယ်ချင်း....သူဒီဆော့ဝဲလေးနဲ့အဆင်ပြေသွားတယ်ဆိုပဲလမ်း
ညွှန်လိုက်လို့သူငယ်ချင်းများအတွက်......

ဝါသနာတူလိုအပ်မယ်ဆိုတဲ့သူငယ်ချင်းများအောက်မှာဒေါင်းလိုက်ကြပါဗျာ......

ဒီမှာဒေါငိးလိုက်ပါ.....
MediaFireDownLoad 
Ifile downLoad

Atomix Virtual DJ_v6.0.7_professional 0

ဒီကောင်လေးကအရင်တုန်းကကျွန်တော်Audioပိုင်းတွေလုပ်တုန်းကအရမ်းသဘောကျတဲ့softwareလေးပါ။
သုံးရတာလဲအဆင်ပြေတယ်၊သီချင်းတွေကိုလဲကိုယ်လိုသလိုဖြတ်နိုင်တယ်ရောနိုင်တယ်၊ကိုယ့် လက်ထဲကိုDJစက်
တစ်လုံးရောက်နေသလိုပါပဲ၊ပြီးတော့ freeရှာရတာလဲရှားတယ်၊ဒီကောင့်ကိုရမ်းနည်းလေးကိုကျွန်တော်ပြောပြပါ
မယ်အရင်ဆုံးအောက်မှာဒေါင်းယူလိုက်ပါ၊ဒေါင်းပီးရင်အထဲမှာပါတဲ့ Virtual DJ_v6.07 pro_Trial ဆိုတဲ့  exe
ဖိုင်ကိုအရင်ရမ်းလိုက်ပါ၊ရမ်းပြီးရင်full version ရအောင်လုပ်နည်းလေးပြောပါမယ်၊အထဲမှာပါတဲ့ Crackဖိုင်ကို
run ဖို့ အတွက်internet connection ကိုခေတ္တပိတ်ထားပါပိတ်ပြီးရင်crack fileထဲမှာပါတဲ့ virtualdj_trial.exe file ကိုvirtual DJ install လုပ်ထားတဲ့ မူရင်းနေရာ-> C:\Program Files\VirtualDJ အထိသွားပြီးတော့  original fileနေရာမှာpasteလုပ်ပြီးreplaceပေးလိုက်ပါ၊အဲ့ ဒါဆိုရင်တော့ ကျွန်တော်တို့ Virtual DJကိုfull versionရပါပြီ၊ပြီးရင်internet connectionကိုပြန်ဖွင့် ပေးလို့ ရပါပြီ၊တစ်ခုသတိထားရမှာက Updateသွားမပေးပါ နှင့် ။သုံးနည်းကတော့ ကိုယ်ideaရှိရင်ရှိသလိုအသုံးပြုလို့ ရပါတယ်။စမ်းသုံးကြည့်ပါအားလုံးကျေနပ်ကြမှာပါ၊ အထဲမှာလဲinstallလုပ်နည်းပါပါတယ်၊ကျွန်တော်ပြောတာမရှင်းတဲ့ သူတွေကိုယ်တိုင်ဖတ်ပြီးလုပ်ကြည့် လို့ ရအောင် ထည့် ပေးထားပါတယ်..

ဒီမှာဒေါင်းလိုက်ပါ....
MediaFire Download