Thursday, 29 December 2011

အကြည်တော်စာအုပ်များ

အကြည်တော် Category

(၁)အကြည်တော် – အသည်းကွဲ နှစ်ဆယ့်လေးနာရီ
(၂)အကြည်တော် – ဝါရင့်အရောင်းထိုင်း
(၃)အကြည်တော် – ဆွေတစ်ရာ မောင်တစ်ကျိတ်
(၄)အကြည်တော် – သဲလှည်း
(၅)အကြည်တော် – အောင်မြေ
(၆)အကြည်တော် – ရွှေမိုးသည်း
(၇)အကြည်တော် – နတ်နေကိုင်း
(၈)အကြည်တော် – ကျွန်တော်ချစ်သူပြောသောသူ့ချစ်သူအကြောင်း
(၉)အကြည်တော် – ကျွန်တော်ထောင်းခဲ့သောပေါင်များ
(၁၀)အကြည်တော် – သံသရာအကွေ့တစ်ရာ
(၁၁)အကြည်တော် – ဇ
(၁၂)အကြည်တော် – တခါက .. ငယ်ငယ်လေးတွေ
(၁၃)အကြည်တော် – ပြုတ်ထွက်သွားသော ကျောရိုးဆစ်လေးများ
(၁၄)အကြည်တော် – သားဘီလူး
(၁၅)အကြည်တော် – ဘီလူး

Driverအားလုံးအတွက်

ကျွန်တော်တို့ အခုနောက်ပိုင်း Latop တွေဝယ်တဲ့ အခါမှာ သတိထားမိကြပါလိမ့်မယ် .. Driver ခွေတွေ ပါမလာတော့ပဲ မိမိတို့ ကွန်ပျူတာအတွက် လိုအပ်တဲ့ Driver တွေကို သူရဲ့ဆိုဒ်မှာ သွားပြီး ဒေါင်းလော့ ချကြရပါတယ် .. တကယ်လို့ မိမိတို့က အခုလို Driver တွေပြန်ရှာဖို့ အခက်အခဲ ဖြစ်နေမယ်ဆိုရင် အခုကျွန်တော် တင်ပေးလိုက်တဲ့ Driver Pack Solution လေးကို ဆောင်ထားလိုက်ယုံနဲ့ အဆင်ပြေသွားပါလိမ့်မယ် .. Destop အသုံးပြုတဲ့ သူတွေအတွက်လည်း အတူတူပါပဲ .. မိမိတို့ ကွန်ပျူတာမှာ Motherboard ခွေပျောက်သွားလို့ ပဲဖြစ်ဖြစ် Windows တင်ပြီးလို့ Driver လိုအပ်နေတယ်ဆိုရင် Driver Pack Solution လေးကို ဆောင်ထား လိုက်ယုံနဲ့ အဆင်ပြေသွားစေမှာပါ .. အသုံးပြုရတာလည်း လွယ်ပါတယ် .. ကွန်ပျူတာကို Windows အသစ် တင်ပြီးတာနဲ့ ဒီကောင်လေးကို Run ပေးလိုက်ယုံပါပဲ .. သူကလိုအပ်တဲ့ Driver တွေကို ရှာပြီး Install လုပ်ခိုင်းပါလိမ့်မယ် .. ဒါဆိုရင် ကျွန်တော်တို့က Install လုပ်ပေးလိုက်ယုံပါပဲ .. Connection ကောင်းတဲ့ နေရာမှာ ရောက်နေတဲ့ သူတွေအတွက်တော့ ဒီကောင်လေးတွေကို ယူထားစေချင်ပါတယ် .. ကျွန်တော် Torrent Link ကိုပဲ ပြန်တင်ပေးထားပါတယ် .. အောက်မှာ အဆင်ပြေတဲ့ လင့်ကနေ အရင်ဒေါင်းလော့ ချလိုက်ပါ .. ပြီးရင် မိမိတို့စက်မှာ Torrent ကို Install လုပ်ပြီး ဒေါင်းလော့ချလိုက်ယုံပါပဲ .. ဒါဆိုရင် အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ် ..

 

အားလုံးပဲအဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

အင်တာနက်ဆိုင်ရာသိထားသင့်တာများ


ကျွန်တော်ကိုသူ၇ိန်တောင်းထားတဲ့အင်တာနက်ဆိုင်၇ာစာအုပ်လေးတွေ၇ှာပြီးတင်ပေးလိုက်ပါတယ်။အသုံးတဲ့လို
တဲ့စာအုပ်လေးတွေကိုဒေါင်းလော့ချလိုက်ပေါ့ဗျာ...။အကုန်လုံးကတော့အသုံးဝင်ပါတယ်။ကျွန်တော် Mediafire
ကပဲတင်ပေးထားပါတယ်။လိုအပ်တဲ့သူများအောက်မှာဒေါင်းလော့လင့်လေးပေးထားပါတယ်ခင်ဗျာ.။

1. အင်တာနက်သုံးစွဲသူများအတွက်အသိပေးချက် ( ၈ ) ချက်

2. နေ့စဉ်သုံးအင်တာနက် ( မျိုးသူ၇ )

3. အဆင့်မြင့်အင်တာနက်အသုံးပြုနည်း ( မျိုးသူ၇ )

4. အင်တာနက်နှင့်အီးမေးလွယ်ကူစွာအသုံးပြုနည်း ( သူ၇အောင် )

5. အင်တာနက်လိပ်စာများ

အားလုံးပဲအဆင်ပြေကြပါစေ......ကျေးဇူးတင်ပါတယ်ခင်ဗျာ.......

Animation Wallpaperတခုကိုယ်တိုင်ဖန်တီးမယ်Animated Wallpaper Maker 2.3.0


ဒါကတော့ကျွန်တော်တို့  Wallpaper  လေးတွေကို  Animation  လေးတွေနဲ့လန်းလန်းလေးသုံးချင်သူများ
အတွက်အကြိုက်တွေ့မဲ့ Animated Wallpaper Maker 2.3.0  ဆိုတဲ့ကောင်လေးဖြစ်ပါတယ်..။ဒီကောင်လေး
ကမိမိတို့စိတ်ကြိုက်ပုံလေးတွေကို Animation  လေးတွေထည့်ပေးလို့ရပြီး  Animation  Wallpaper  လေးတွေ
ပြုလုပ်လို့ရမှာဖြစ်ပါတယ်..အသုံးပြုရတာလဲလွယ်ပါတယ်..ကျွန်တော်ဒီကောင်လေးကို Full Version  လေး
သုံးလို့ရအောင် Serials Key  လေးတွေပါထည့်ပေးထားပါတယ်..ကွန်ပျုတာကိုအမြဲတမ်းလန်းနေချင်သူများ
ကတော့အောက်မှာအဆင်ပြေတဲ့လင့်ကနေသာဒေါင်းလော့ချသွားလိုက်ပါ....




Download   From   Ifile.it


Download   From   Mediafire

 အားလုံးပဲအဆင်ပြေကြပါစေ....ကျေးဇူးတင်ပါတယ်ခင်ဗျာ...

စာလုံးကိုAnimationလုပ်ရအောင်Aurora 3D Animation Maker v11.05222214


ဒီတစ်ခါ ကျွန်တော်တို့ Animation လေးတွေကို ဒီကောင်လေးသုံးပြီးအလွယ်ကူဆုံးလုပ်ကြည့်မယ်ဗျာ။
သုံးရတာလည်းလွယ်သလို ဒီဇိုင်းလေးတွေလည်းတော်တော်များများစုံပါတယ်။ မိမိကိုယ်တိုင် အစအဆုံး
မလုပ်ပေးနိုင်ရင်တောင်မှ သူ့မှာပါဝင်တဲ့ ဒီဇိုင်းလေးတွေမှာ မိမိတို့ပေးလိုတဲ့ TEXT လေးကိုထည့်ပေးပြီး
Animation လေးကို Save ပေးလိုက်ရင်ရပါပြီ။မိမိတို့ လိုချင်တဲ့ ပုံစံတွေကိုလည်း အစအဆုံးပြုလုပ်လို့
ရပါတယ်။ နည်းနည်းလောက်ကလိလိုက်ရင် ဘယ်လိုအသုံးပြုရတယ်ဆိုတာကို သဘောပေါက်ပါတယ်။
ကျွန်တော် အသေးစိတ်တော့ ရေးမပေးတော့ပါဘူး။ သုံးကြည့်လိုက်ပါဗျာ။  Crack  ဖိုင်လေးကို  Install 
လုပ်ထားတဲ့ Folder လေးထဲကို ကူးထည့်ပေးလိုက်ရင် Full Version ဖြစ်ပါပြီ။ကျွန်တော်တို့ (avi, flv,
 mpg), Flash (swf), Gif animation ဆိုတဲ့ video formats တွေနဲ့  image sequences (png, tga, bmp) တွေကိုလည်း Output လုပ်ပေးနိုင်ပါတယ်။
ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေးထားပါတယ်။အဆင်ပြေမယ့်လင့်ခ်လေးကနေသာယူသွား
လိုက်ပါဗျာ။ဖိုင်ဆိုဒ်ကတော့ 31.1 MB ရှိပါတယ်။

Downloading from ifile.it 

Downloading from mediafire 

အားလုံးပဲအဆင်ပြေကြပါစေ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။

3 D ဖန်တီးမယ်Aurora 3D Presentation 2011


ကျွန်တော်အခု 3D  Presentation လေးတွေလုပ်ရတာကို စိတ်ဝင်စားသူတွေအတွက် Aurora 3D Presentation   2011  လေးတင်ပေး လိုက်ပါတယ်။  ရှေ့မှာတုန်းက ကျွန်တော် တင်ပေးခဲ့တာ က 
3D Text & logo လုပ်တဲ့ ကောင်လေးကို တင်ပေးခဲ့တာပါ။  အခုက  Presentation လေးတွေလုပ်
ရတာအဆင်ပြေပါတယ်။ နောက်ခံ Background ကအစ အဆင်ပြေအောင် Video ဖိုင်လေးတွေနဲ့
ပါပါတယ်။ တစ်ပုံချင်းဆီကိုလည်း မိမိတို့ စိတ်ကြိုက် effets လေးတွေလည်းထည့်ပေးနိုင်သလို စိတ်
ကြိုက်လည်း ပြင်ဆင်နိုင်ပါတယ်။ Keygenထည့်တဲ့အချိန်မှာတော့ အောက်က tag လေးမှာAurora
Presentation 3D 2011 ဆိုတာလေးကိုရွေးပေးဖို့လိုပါတယ်။ ကျန်တာကတော့ Name  နဲ့  Email
ထည့်ပေးပြီး GENERATE လုပ်ပေးလိုက်ရင် ရပါပြီ။ဖိုင်ဆိုဒ်ကတော့ 73.1 MB ပါ။
ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေးထားပါတယ်။အဆင်ပြေမယ့်လင့်ခ်လေးကနေသာယူသွား
လိုက်ပါဗျာ။

Aurora 3D Presentation 2011

Downloading from ifile.it

Downloading from mediafire

အားလုံးပဲအဆင်ပြေကြပါစေ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ပုံတွေလှအောင်ဖန်တီးကြမယ်Aneesoft 3D Flash Gallery Full Version


ကျွန်တော့်ကို စီဘောက်ထဲမှာ ကိုကချင်လေး တောင်းထားလို့ ရှာပြီးတင်ပေး ထားပါတယ် ။။  တစ်ခြား လိုအပ်လို့ပဲ ဖြစ်ဖြစ် သုံးချင်တဲ့ သူတွေ ရှိရင် လည်းအဆင်ပြေ အောက်တင်ပေးလိုက်ပါတယ် .. ကျွန်တော် ဒီကောင်လေး ကို Full Version လေးသုံးလို့ရအောင် Keygen လေးပါထည့်ပေး ထားပါတယ် .. တစ်ခုသတိ ထားရမှာက ဒီကောင်လေးကို ဒေါင်းလော့ချ ပြီးလို့ ဖိုင်ဖြေတဲ့ အခါမှာ မိမိတို့ တင်ထားတဲ့ Antivirus က Virus ဖြစ်တယ် ဆိုပြီး သတိပေးပါလိမ့်မယ် .. အဲ့ဒီအခါမှာ File ကို Delete လုပ်မှာလားလို့ မေးရင် Delete မလုပ်ပါနဲ့ .. လက်ခံတယ် ဆိုပြီး ရွေးပေးလိုက်ပါ .. သူမှာပါတဲ့ Keygen ကြောင့်ဖြစ်တာပါ .. ဘာပြသနာမှမရှိပါဘူး .. ကျွန်တော် ဒီကောင်လေးကို လွယ်လွယ်ကူကူ နဲ့အသုံးပြု တက်သွားအောင် Tutorial လေးပါ တင်ပေးလိုက်ပါတယ် .. Key ထည့်နည်းကိုတော့ အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ် ..

အရင်ဆုံး 3D Flash Gallery လေးကို Install လုပ်ပြီးလို့ အောက်ကပုံအတိုင်း ပေါ်လာပြီဆိုရင် Register ကိုနှိပ်လိုက်ပါ .. ပြီးရင် ကျွန်တော် ထည့်ပေးလိုက်တဲ့ Keygen လေးကိုဖွင့်လိုက်ပါ ..
အောက်ကပုံမှာ ပြထားတဲ့အတိုင်း ပေါ်လာပြီဆိုရင် Key လေးကို Copy ကူးလိုက်ပါ ..


အပေါ်က အဆင့်တွေ အတိုင်း အားလုံး ပြီးသွားပြီ ဆိုရင်တော့ 3D Flash Gallery လေးကို Full Version လေးနဲ့ အသုံးပြုလို့ ရသွားပါပြီ .. လိုအပ်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ ..


Download  From  Ifile.it


Download  From  Mediafire



အားလုံးပဲအဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

Photo Scape Full Download

တောင်းထားတဲ့ အကိုတစ်ယောက် ရှိတာနဲ့ တစ်ခြားအသုံး ပြုချင်သူတွေပါ အဆင်ပြေအောင် တင်ပေးလိုက်ပါတယ် .. Photoscape  လေးကိုတော့ အားလုံးပဲ အကြိုက်တွေ့ လိမ့်မယ်လို့ ထင်ပါတယ် .. ဒီကောင်လေးက Freeware လေးပါ .. တော်တော်လည်း အသုံးဝင်ပါတယ် .. ကျွန်တော်တို့ ပုံတွေကို စိတ်ကြိုက် Edit လုပ်ပြီး ဓာတ်ပုံလေးတွေကို ကာတွန်ပုံလေးတွေ Effect လေးတွေထည့်ပြီး ဖန်တီးချင်တာပဲ ဖြစ်ဖြစ်  Animation ပုံလေးတွေ ဖန်တီးချင်တာပဲ ဖြစ်ဖြစ် အလွယ်တကူ ဖန်တီးနိုင်မှာ ဖြစ်ပါတယ် .. အသုံးပြုရတာလည်း အရမ်းလွယ်ပါတယ်..  ကျွန်တော် အောက်မှာ ဒီကောင်လေးကို အသုံးပြုလို့ ရတာလေးတွေကို နမူနာအနေနဲ့ ဖော်ပြပေးထားပါတယ် .. 



 
 


သုံးကြည့်လိုက်ပါ .. အသုံးပြုရတာ အရမ်းလွယ်ပါတယ် .. လိုအပ်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ ..




အားလုံးပဲအဆင်ပြေကြပါစေ ..  ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

သင်သိထားသင့်သောကွန်ပြူတာအခြေခံ



ကျွန်တော် ဒီနေ့တော့ အားလုံးအတွက် ကွန်ပျူတာကို လေ့လာနေသူတိုင်းအတွက် သိသင့်တဲ့ အခြေခံ အချက်လေးတွေကို ရေးပေးသွားပါမယ် .. ကျွန်တော် ဒီအကြောင်းအရာ လေးတွေကို ရေးပေးသင့်တာ ကြာပါပြီ .. စာရေးရတာ အာရုံမလာတာနဲ့ မရေးဖြစ်တော့တာပါ .. ကျွန်တော် ရေးမယ်ဆိုပြီး အကြောင်းအရာ တွေစုထားလိုက် မရေးဖြစ်လိုက်နဲ့ နောက်ပိုင်းတော့ ကျွန်တော် စာများများ ပြန်ရေးဖြစ်အောင် ကြိုးစားသွားပါမယ် .. စာရေးတယ် ဆိုပေမယ့်လည်း ကျွန်တော် အဓိကထားပြီး ရေးချင်တဲ့ ပုံစံလေးကို အရင်ပြောပြ ပေးပါမယ် .. 


ကျွန်တော် အကြောင်းအရာ တစ်ခုကို ရေးပါမယ် .. ဒါပေမယ့် အဲ့ဒီအကြောင်း အရာနဲ့ ပါတ်သတ်ပြီး နားလည်နိုင်မယ် ထင်တဲ့ ပုံစံနဲ့ နည်းနည်းနဲ့ ကျဲကျဲ ရေးပေးပါမယ် .. ဒါပေမယ့် အရမ်းကြီး အသေးစိတ်ကြီးတော့ ကျွန်တော် မရေးပေးပါဘူး .. ဘာလို့ မရေးပေးတာလည်း ဆိုတာ အကြောင်းရှိပါတယ် .. ကျွန်တော်တို့ အခုစာရေးပေးနေတဲ့ ရည်ရွယ်ချက်က ကွန်ပျူတာကို လုံးဝနားမည်သေးတဲ့သူတွေ ကွန်ပျူတာကကို စပြီးအသုံးပြုခါစသူတွေ အနေနဲ့ အကြောင်းအရာ တစ်ခုထဲကိုပဲ အများကြီး ဖတ်နေရတဲ့ အခါမှာ သူတို့အနေနဲ့ အလွယ်တကူ နားလည်နိုင်ဖို့ ခက်ခဲပါတယ် .. ကွန်ပျူတာ နယ်ပယ်မှာ အကျွမ်းဝင် ပြီးသားသူတွေ အနေနဲ့ အခက်အခဲ မရှိနိုင်ဘူး ဆိုရင်တောင် စတင်လေ့လာကာစ သူတွေ အတွက်တော့ အကြောင်းအရာ တစ်ခုကို ဖတ်နေရတာနဲ့တင် ကွန်ပျူတာ အကြောင်းလေ့လာဖို့ တော်တော် စိတ်ညစ်သွားမှာ သေချာပါတယ် .. ဒါကြောင့် ကျွန်တော်က အကြောင်းအရာတစ်ခုနဲ့ ပါတ်သတ်ပြီး အများကြီး မရေးပေးဘူး .. အသေးစိတ်ပေါ့နော် .. ဒါပေမယ့် မျက်မြင် တွေ့နိုင်တာလေးတွေကို ပုံလေးတွေနဲ့ သဘောပေါက်အောင် ရေးပေးချင်ပါတယ် .. 


ဒီနေ့ကျွန်တော် ကွန်ပျူတာကို အသုံးပြုနေသူတိုင်း  ကွန်ပျူတာတစ်လုံးမှာ သိထားသင့်တဲ့ အချက်အလက် လေးတွေကို ဘယ်လိုသိအောင် လုပ်ရမယ်ဆိုတာကို ရေးပေးသွားပါမယ် .. ကွန်ပျူတာ ကိုသုံးနေပြီ ဆိုရင်တော့ မိမိသုံးတဲ့ ကွန်ပျူတာနဲ့ ပါတ်သတ်ပြီး Processor ကဘာအမျိုးအစားလည်း ၊ RUM ကဘယ်လောက်လည်း ၊ Motherboard ကဘာအမျိုးအစားလည်း ဆိုတာတွေကို မဖြစ်မနေ သိထားသင့်ပါတယ် ..  အခုကျွန်တော်ပြောတဲ့ အချက်အလက်လေးတွေကို အလွယ်တကူ သိနိုင်ဖို့အတွက် နည်းလမ်းလေးနဲ့ သိသင့်တာလေးတွေကို ကျွန်တော်အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်.. 

အရင်ဆုံး My Computer မှာ Right Click ထောက်လိုက်ပါ .. ပြီးရင် Properties ကိုသွားလိုက်ပါ ..
အပေါ်က ပုံအတိုင်း ပေါ်လာပြီဆိုရင် ကျွန်တော် 1 ၊ 2 ၊ 3 ဆိုပြီးတော့ နံပါတ်တွေ တပ်ထားတာကို တွေ့ရပါလိမ့်မယ် .. ကျွန်တော် နံပါတ်တစ်ခုချင်း ရှင်းပြသွားပါမယ် ..

နံပါတ် ( ၁ ) မှာ ကျွန်တော်တို့က ဘာကို သိနိုင်လည်းဆိုတော့ မိမိတို့ ကွန်ပျူတာမှာ တင်ထားတဲ့ Windows အမျိုးအစားကို အလွယ်တကူ သိနိုင်မှာ ဖြစ်ပါတယ် .. မိမိတင်ထားတဲ့ Windows က Windows 7 တော့ Windows 7 ပဲ ၊ ဒါပေမယ့် Home Basic လား Professional လား Ultimate လား တစ်ခြားပြန်ပြီးတော့ မွမ်းမံထားတဲ့ Windows အမျိုးအစားတွေလား ဆိုတာကို နံပါတ် ( ၁ ) မှာကြည့်ပြီး သိနိုင်မှာဖြစ်ပါတယ် .. ပုံမှာဆိုရင် ကျွန်တော့်စက်မှာ တင်ထားတာက Windows 7 Ultimate ပါ..

နံပါတ် ( ၂ ) မှာတော့ ကျွန်တော်တို့ ကွန်ပျူတာနဲ့ ပါတ်သတ်တဲ့ Hardware ပိုင်းတွေအဖြစ် Processor နဲ့ Memory ( RUM ) ကိုဖော်ပြေပေးမှာဖြစ်ပါတယ် .. 
Professor  မှာတော့ ကျွန်တော့် Professor အမျိုးအစားက Intel ( R ) Core i5 650 ဖြစ်ပါတယ် .. Processor Speed ကတော့ 3.20 GHz  ဖြစ်ပါတယ် .. တစ်ချို့တွေ ပြောနေတာတွေ ကြားဖူးပါလိမ့်မယ် .. ငါ့ကွန်ပျူတာကတော့ i-5 ကွာ Processor Speed က 3.20 လို့ပြောတာတွေ ကြားဖူးမှာပါ .. သူတို့ ပြောနေတာ အခုကျွန်တော် ပြောပြနေတာတွေပဲဖြစ်ပါတယ် .. ဒီနေရာမှာ ကျွန်တော် ပြောချင်တာက Processor Speed ဆိုတာ Cpu ရဲ့ Performance ပါပဲ .. ဒီကောင်လေးကို Clock Speed နဲ့တိုင်းပါတယ် .. 3.20 GHz ဆိုတဲ့ Clock Speed ဆိုတာ မိမိတို့ကွန်ပျူတာမှာ အသုံးပြုနေတဲ့ Processor ရဲ့ အမြန်ဆုံးလုပ်နိုင်တဲ့ Speed ပဲဖြစ်ပါတယ် .. သဘောကတော့ ကျွန်တော်တို့ အသုံးပြုနေတဲ့ Processor ဟာ 3.20 GHz ဆိုတဲ့ Speed အတွင်းမှာပဲ အလုပ်လုပ်လို့ ရမှာ ဖြစ်ပါတယ် .. အဲ့ဒီထက်ပိုပြီး အလုပ်လုပ်မယ်ဆိုရင် Processor ဟာ အပူတွေအရမ်း များပြီး ပျက်စီးတာတို့ ဖြစ်နိုင်ပါတယ် .. ဒါက Internal Speed ပါ ။ External Speed ဖြစ်တဲ့ L1 Cache တို့ L2 Cache တို့ကျန်ပါသေးတယ် ..

Install Memory ( RUM ) ဆိုတာကတော့ မိမိတို့ ကွန်ပျူတာမှာ အသုံးပြုနေတဲ့ Memory ပမာဏကို ဖော်ပြပေးမှာ ဖြစ်ပါတယ်..  တကယ်လို့ တစ်ယောက်ယောက်က မေးလို့ မင်းစက်က RUM က ဘယ်လောက်လည်း မေးရင် အခုပြောပြတဲ့ အတိုင်း ကြည်ပြီး ငါ့စက်မှာတော့ Rum 4 GB ရှိတယ်ကွာ ဆိုပြီး ဖြေလို့ ရမှာ ဖြစ်ပါတယ် .. 
ဒီကောင်လေး အကြောင်းကိုတော့ ကျွန်တော်တစ်ခါ ရေးပေးထားဖူးပါတယ် .. အခုတစ်ခါထဲ တစ်စုတစ်စည်း တည်းဖြစ်အောင် ရေးပေးလိုက်တာပါ .. System Type ကဘာကို ပြတာလည်းဆိုတော့ ကျွန်တ်ာတို့ ကွန်ပျူတာမှာ အသုံးပြု နေတဲ့ Windows အမျိုးအစားကို ဖော်ပြပေးမှာ ဖြစ်ပါတယ် .. ဒီနေရာမှာ 32 Bits တင်ထားတဲ့ သူတွေဆိုရင် 32 Bits  Operating System ဆိုပြီး ရေးပေးထားမှာ ဖြစ်ပါတယ် .. ဒါကတော့ 32 Bits နဲ့ 64 Bits အလွယ်တကူ ခွဲလို့ရတဲ့ နည်းလမ်းလေးပါ ..

ကျွန်တော်အပေါ်မှာ ပြောခဲ့တာတွေ လောက်ဆိုရင်တော့ တစ်ယောက်ယောက်က မေးခဲ့ရင် အခုလက်ရှိ အသုံးပြုနေတဲ့ ကွန်ပျူတာဟာ Processor က Core i-5 , Processor Speed က 3.20 GHz ၊ Memory က 4 GB ၊ ပြီးရင်တင်ထားတဲ့ Windows ကလည်း Windows 7  Ultimate ဆိုပြီး အလွယ်တကူ ပြောပြနိုင်မှာ ဖြစ်ပါတယ် .. ကဲပြီးရင် ဆက်ပြီးတော့ သွားလိုက်ရအောင်ဗျာ . .
အပေါ်ကပုံမှာ ပြထားသလို Rating ဆိုပြီး 5.9 Windows Experence Index ဆိုပြီး တွေ့ပါလိမ်မယ်  .. အဲ့ဒီနေရမှာ Rating ဆိုတာ မိမိတိုကွန်ပျူတာမှာရှိတဲ့ Hardware နဲ့ Software တွေရဲ့ စွမ်းဆောင် နိုင်တဲ့ ပမာဏကို အနည်းဆုံး ဖော်ပြပေးထားတာဖြစ်ပါတယ် .. ဒီနေရာမှာ တစ်ချက်သိထားဖို့ လိုတာက Windows တင်ပြီးပြီးချင်မှာ Rating ကိုတစ်ချက်သွားပြီး ကြည့်လိုက်ပါ .. အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း ပေါ်နေမှာ မဟုတ်ပါဘူး .. ဒါကြောင့် Windwos တင်ပြီးပြီ ဆိုတာနဲ့ Windows Experience Index ကို Rating လုပ်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ် .. 

ကျွန်တော် အပေါ်က ပုံမှာပြထားသလို Windows Experence Index ကို Click လိုက်ပါ .. 
အပေါ်ကပုံမှာ ပြထားသလို ပေါ်လာပြီဆိုရင်တော့ Windows Expersion Index ကိုတစ်ချက်လောက် လေ့လာ ကြည့်ရအောင်ဗျာ .. Windows Expersion Index ဆိုတာကတော့ မိမိတို့  အပေါ်မှာ ပြောခဲ့သလိုပဲ မိမိတို့ ကွန်ပျူတာမှာရှိတဲ့ Hardware နဲ့ Software တွေနဲ့ စွမ်းဆောင်နိုင်တဲ့ ပမာဏတွေကို တိုင်းတာပြီးတော့ အနိမ့်ဆုံး ပမာဏ တစ်ခုကို ဖော်ပြပေးမှာဖြစ်ပါတယ် .. ဒီကောင်လေးကို ကြည့်ပြီး ဘာကိုသိနိုင်လည်း ဆိုတော့ Base score များတာနဲ့ အမျှ မိမိတို့ ကွန်ပျူတာရဲ့ စွမ်းဆောင်ရည်ဟာ မြင့်နေမှာဖြစ်ပြီး Base Score နည်းလာတာနဲ့ အမျှ မိမိတို့ ကွန်ပျူတာရဲ့ စွမ်းဆောင်ရည်ဟာ နိမ့်ကျသွားမှာဖြစ်ပါတယ် .. 

ဥပမာ။ ။ Base score ဟာ 4 ဒါမှမဟုတ် 5 အထက်ရထားမယ်ဆိုရင် Windows 7 ကိုသုံးနေတယ် ဆိုရင် Windows 7 မှာပါဝင်တဲ့ Feature တွေကို အပြည့်အ၀ အသုံးပြုလို့ ရမှာဖြစ်ပါတယ် .. 

ဒါကြောင့် Base Score ဟာ 3 နဲ့ 3 အထက် ( 4 , 5 .. ) ရှိနေဖို့လိုပြီး 3 အောက်ရောက်နေပြီ ဆိုရင်တော့ နိမ့်နေတဲ့ Hardware ကြည့်ပြီး မြှင့်ပေးဖို့လိုပါလိမ့်မယ် .. 

ဥပမာ ။ ။ Windows Expersion Index မှာပြထားတဲ့ Base Score က 2.7 လောက်ဖြစ်နေတယ် ကျန်တာတွေ အကုန်လုံးက 4 ကျော် 5 ကျော်နေပြီးတော့ Rum တစ်ခုထဲက 2.7 ဖြစ်နေတယ်ဆိုရင် Rum ကိုထပ်တိုးပေးဖို့ လိုပါလိမ့်မယ် ..  

တကယ်လို့ Rum ကိုထပ်ပြီး မတိုးချင်ဘူးဆိုရင်တော့ အခုသုံးနေတဲ့ Windows ကိုမသုံးသင့်ပဲ အခုသုံးနေတဲ့ Windows ထက်နိမ့်တဲ့ Windows မျိုးကိုသာ အသုံးပြုသင့်ပါတယ် .. တကယ်လို့ Base Score က 3 အောက်လည်း ရောက်နေတယ် ဒီတိုင်းလည်း ပေသုံးနေတယ် ဆိုရင်တော့ စက်မှာ ကြာရင် Error တွေ တစ်ခုမဟုတ်တစ်ခု တက်လာပါလိမ့်မယ် .. 

နောက်တစ်ခုက Windows Expersion Index ကဘာ အသုံးဝင်သေးလည်း ဆိုတော့ မိမိတို့ ကွန်ပျူတာကို အသုံးပြုတဲ့ အခါမှာ စက်ကို သုံးရတာ အားမရလို့ Hardware ပိုင်း တစ်ခုခုကို Update လုပ်ပေးချင်တယ်ဆိုရင် Windows Expersion Index မှာရှိတဲ့ Base score ကိုကြည့်ပြီး အနိမ့်ဆုံး ကောင်လေးကို သာရွေးပြီး Update လုပ်ပေးလိုက်ယုံပါပဲ .. 

ဥပမာ ။ ။ မိမိတို့စက်မှာ Graphic Card က 512 MB စိုက်ထားပါတယ် .. စက်က သုံးရတာ အားမရလို့ တစ်ခုခုကို Update ထပ်လုပ်ချင်တယ်ဆိုရင် Windows Expersion Index မှာကြည့်လိုက်တော့ Graphic Card က Basic score ကအနည်းဆုံးဖြစ်နေပါတယ် .. ဒါဆိုရင် ကျွန်တော်တို့က Graphic Card ကို 512 MB အစား 1024 MB ( 1 GB ) ကိုပြောင်းပြီး စိုက်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ် .. ဒီလောက်ဆိုရင်တော့ Windows Expersion Index နဲ့ပါတ်သတ်ပြီး သဘောပေါက်သွားလိမ့်မယ်လို့ ထင်ပါတယ် .. 

နောက်တစ်ချက်ကတော့ Mother Board အမျိုးအစားတွေ Hard Disk Space တွေကို ဘယ်လိုသိနိုင်မလည်း ဆိုတာကို ဆက်ပြီး ရှင်းပြပေးသွားပါမယ် .. ဒါတွေကို မရှင်းပြခင် အောက်မှာ Bits , Bytes ရေတွက်ပုံကို ရေးပြပေးထားပါတယ် ..

1 Bits = အငယ်ဆုံး unit
1 Byte= 8 Bits
1 kbyte =1024 Byte
1 Megabyte = 1024 kbyte
1 Gegabyte = 1024 Megabyte
1 Tetrabyte = 1099  Gegabyte   ဆိုတာကိုတော့ သိထားဖို့လိုပါတယ် .

ဒီနေရာမှာ Unit တွေကို အတိုကောက် အသုံးပြုတာနဲ့ ပါတ်သတ်ပြီး ဘယ်လိုခေါ်ဝေါ်ရမယ် ဆိုတာကိုတော့ သိထားသင့်ပါတယ် .. Bits ကိုအတိုကောက်ရေး တဲ့အခါကျရင် အသေးစားလုံး b လို့ရေးရမှာဖြစ်ပါတယ် .. 

ဥပမာ ။  ။ 1 Gegabps   = 1 Gega Bit Per Second ဖြစ်ပါတယ် .. 

ဒီနေရာမှာ Byte ကိုအတိုကောက် ရေးမယ် ဆိုရင်တော့ အကြီးစာလုံး B နဲ့ရေးရမှာ ဖြစ်ပါတယ် .. 


ဥပမာ ။ ။ 1 GB = 1 Gega Byte ဖြစ်ပါတယ် .. ဒီလောက်ဆိုရင် Bit နဲ့ Byte ကွဲပြားပုံနဲ့ ပါတ်သတ်ပြီး သဘောပေါက်သွားမယ်ထင်ပါတယ် .. 


ကဲအပေါ်ကအပိုင်းကို ပြန်ဆက်ရအောင်ဗျာ .. အပေါ်မှာပြထားသလို Windows Expersion Index ကိုရောက်ပြီဆိုရင် အောက်ကပုံမှာပြထားသလို ဆက်ပြီးသွားလိုက်ပါ .. 

အပေါ်က ပုံအတိုင်း ပေါ်လာပြီဆိုရင်တော့  System မှာကြည့်လိုက်ပါ .. မိမိတို့ ကွန်ပျူတာရဲ့ Matherboard အမျိုးအစားတွေ Model တွေကို တွေ့ရမှာ ဖြစ်ပါတယ် .. အဲ့ဒီမှာ ကြည့်လိုက်ပါ ကျွန်တော့်စက်ရဲ့ Mother က Gigabyte ဖြစ်ပြီး Mother Model ကတော့ P55-US3L ဖြစ်ပါတယ် .. System Type ကတော့ 64 Bits Operation System ဖြစ်ပါတယ် .. တကယ်လို့သာ System Types နေရာမှာ 32 Bits Operation System လို့ဖော်ပြနေမယ် ဆိုရင် ကျွန်တော်တို့အနေနဲ့ 64 Bits ရှိတဲ့ Windows တွေကို အသုံးပြုလို့ ရမှာမဟုတ်ပါဘူး .. ဒီနေရာမှာတစ်ခု သိထားရမှာက 32 Bits နဲ့ 64 Bits ခွဲခြားတုန်းက ကြည့်တာနဲ့မတူပါဘူး အဲ့ဒီတုန်းက ဖော်ပြတာက မိမိတို့စက်မပေါ်မှာ တင်ထားတဲ့ Windows Oparating System ပါ .. အခုဒီကောင်မှာ ဖော်ပြထားတာက မိမိတို့ ကွန်ပျူတာမှာ အသုံးပြုခွင့်ရှိတဲ့ Windows Operating System ဖြစ်ပါတယ်..
နောက်တစ်ချက် Storage ကိုကြည့်လိုက်ပါ .. အဲ့ဒါကတော့ မိမိတို့ ကွန်ပျူတာရဲ့ Hard Disk ကိုဖော်ပြပေးထားတာ ဖြစ်ပါတယ် .. ကျွန်တော့် Hard Disk က 500 GB ဖြစ်ပါတယ် .. ဒါပေမယ့် System Partation အတွက် 34 GB ပေးလိုက်ရတဲ့အတွက် 466 GB ပဲအသုံးပြုလို့ ရမှာဖြစ်ပါတယ် .. ဒါဆိုရင် Hard Disk က ဘယ်လောက်လည်း သိချင်တယ်ဆိုရင် Storage အောက်က Total Size Of Hard Disk ကိုကြည့်လိုက်ရင် အလွယ်တကူ သိနိုင်မှာ ဖြစ်ပါတယ် .. 
နောက်တစ်ချက်ကတော့ Graphic Card ဖြစ်ပါတယ် .. Graphic ကိုဖော်ပြတဲ့အခါမှာ ကြည့်လိုက်ပါ ..Display adapter type ဆိုတာကတော့ မိမိတို့ ၀ယ်ယူထားတဲ့ Graphic ရဲ့ အမျိုးအစားပါ .. နောက်တစ်ခု Total available graphic memory ဆိုတာကတော့ မိမိတို့ကွန်ပျူတာမှာ Graphic Card အများဆုံး စိုက်လို့ ရတဲ့ ပမာဏကို ဖော်ပြပေးထားတာဖြစ်ပါတယ် .. 2781 MB ဆိုတော့ အပေါ်မှာ Unit ရေးတွက်ပုံတွေ ဖော်ပြထားသလို စဉ်းစားလိုက်ရင် 1 GB မှာ 1024 MB ဆိုတော့ 2 GB ကျော်လောက်စိုက်လို့ရပါတယ် .. Dedicate Graphic Memory ကတော့ လက်ရှိသုံးနေတဲ့ Graphic Card ရဲ့ Memory ပါ .. 1024 MB ဆိုတော့ GB နဲ့ပြန်တွက်ရင် 1 GB  ဖြစ်ပါတယ် .. ဒါဆိုရင် အများ ဆုံးပမာဏနဲ့ဆိုရင် ကွန်ပျူတာမှာ နောက်ထပ် Graphic Card 1 GB လောက်ထပ်စိုက်လို့ ရပါသေးတယ် . ဒီလောက်ဆိုရင်တော့ Graphic Card ကိုဘယ်လိုကြည့်ရမယ်ဆိုတာနဲ့ ပါတ်သတ်ပြီး သိသွားပြီလို့ထင်ပါတယ် .. 
အောက်ဆုံးက Network အောက်မှာ မိမိတို့ကွန်ပျူတာမှာ အသုံးပြုနေတဲ့ Network အမျိုးအစားတွေရဲ့ Adapter တွေကို ဖော်ပြေပေး ထားတာ ဖြစ်ပါတယ် ..
ဒီလောက်ဆိုရင်တော့ ကွန်ပျူတာ မှာအခြေခံ အနေနဲ့ သိသင့်သိထိုက် တာလေးတွေကို သိသွားပြီလို့ ထင်ပါတယ် .. 
ဒီပို့်စ်လေးကို PDF File ဖြင့်လိုချင်တယ်ဆိုရင် အောက်မှာ ဒေါင်းလော့ချပါ .. 

အားလုံးပဲအဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

ဓာတ်ပုံလေးတွေကို Zoom ဆွဲကြည့်ရအောင်Photo Zoom Pro

အခုတင်ပေးလိုက်တဲ့ ကောင်လေးက Photo တွေမှာ အရမ်းဝေးနေလို့ သေချာမမြင်ရလို့ Zoom ဆွဲပြီးကြည့်ချင် တာပဲဖြစ်ဖြစ် တစ်ချို့ဓာတ်ပုံတွေမှာ မိမိတို့လိုတဲ့ အပိုင်းလေးကိုပဲ ပုံကြီးချဲ့ပြီးလိုချင်တာပဲ ဖြစ်ဖြစ် အထောက်အကူ ပေးပါလိမ့်မယ် .. ကျွန်တော်တော့ ကြိုက်တယ် .. တော်တော်မိုက်တယ် .. လိုချင်တဲ့ အပိုင်းလေးကိုပဲ ရွေးပြီး Zoom ဆွဲပြီးကြည့်သွားလိုက် ပုံမှန်ဆို ၀ါးသွားတယ် .. ဒါပေမယ့် သူကမ၀ါးသွားဘူး ကိုကြည့်ချင်တဲ့ ဓာတ်ပုံကို အသေးစိတ်ဆွဲပြီးတော့ ကြည့်လို့ရတာတော့ တော်တော်  အဆင်ပြေတယ်ဗျာ .. ကျွန်တော်အောက်မှာ နမူနာပုံလေး ထည့်ပေးထားပါတယ် .. ကြည့်ကြည့်လိုက်ပါ ..

ဒီအောက်ကပုံမှာ ကျွန်တော် Zoom ချဲ့ထားတဲ့ ပုံလေးကို ပြပေးထားပါတယ်..
အောက်ကပုံကတော့ Zoom ချဲ့ထားတဲ့ပုံပါ..

လိုအပ်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ..


Download  Ifile.it


Download  Mediafire

အားလုံးပဲအဆင်ပြေကြပါစေ ...  ကျေးဇူးတင်ပါတယ်ခင်ဗျာ..

ဆံပင်ညှက်ပြီးပုံရိုက်မနေတော့ဘူးနော်Beauty Wizard 3.3 + Serials

ဒီကောင်လေးကတော့ ဓာတ်ပုံလေးတွေကို လိုက်ဖက်တဲ့ ဆံပင်ပုံစံလေးတွေ နဲ့ ပြင်ဆင် ချင်သူတွေ အတွက် အသုံး ၀င်လိမ့်မယ်လို့ ထင်ပါတယ် .. မိမိတို့ ပုံလေးတွေကို စိတ်ကြိုက် ဆံပင်ပုံစံလေးတွေ Colour အရောင်လေးတွေနဲ့  ပြင်လို့ ရမှာ ဖြစ်သလို မိတ်ကပ် အလှလည်း ပြုပြင်ပေးလို့ ရမှာဖြစ်ပါတယ် .. မိမိတို့ရဲ့ ပုံကို ကိုယ့်ဘာသာ အလှပြင်ချင်သူတွေ အတွက်တော့ အိုကေတာပေါ့ဗျာ .. ကျွန်တော် ဒီကောင်လေးကို Full Version လေးနဲ့သုံးလို့ ရအောင် ဘယ်လို လုပ်ရမယ် ဆိုတာကိုတော့ အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ် ..

အရင်ဆုံး  Beauty Wizard  လေးကို မိမိတို့ရဲ့ ကွန်ပျူတာမှာ Install လုပ်ပေးလိုက်ပါ .. ပြီးရင် အဲ့ဒီကောင်လေးကို ဖွင့်လိုက်ပါ ..  ပြီးရင် အောက်မှာ ကျွန်တော် ပြထားတဲ့အတိုင်း သွားပြီး . . Username နဲ့ Serial လေးကို ထည့်ပေးလိုက်ယုံပါပဲ ။။

လိုအပ်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ ။။
 
 
အားလုံးပဲအဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

Corel VideoStudio Pro X4 v14.0.0.342 + Video Tutorials

 Corel- VideoStudio- Pro X4 ဟာဆိုရင် ကျွန်တော်တို့ Video ပြုလုပ်မှုကို အကောင်းဆုံး ၊ အလျင်မြန်ဆုံးနဲ့ အပြည့်စုံဆုံးဖြစ်အာင်ပြုလုပ်ပေးထားပါတယ်။ သူ့အတွက် အကောင်းဆုံးပြုလုပ်ပေးနိုင်မယ့် စိတ်ဝင်စားစရာကောင်းတဲ့ Effects လေးတွေပြုလုပ်ပုံတွေကို အထဲမှာ Video ဖိုင်လေးတွေနဲ့ပြပေး ထားပါတယ်။ အားလုံးပေါင်း Video Tutorial 8 မျိုးပါဝင်ပါတယ်။ သူ့အတွက် Serial key ဖြည့်ပုံဖြည့်နည်းလေးတွေကိုတော့ ကျွန်တော်အောက်မှာ ပုံလေးတွေနဲ့ တစ်ဆင့်ခြင်းစီ ရှင်းပြပေးထားပါတယ်။ ပြုလုပ်ပေးနိုင်တဲ့ အခွင့်အရေး လေးတွေကတော့ HDV, AVCHD, Blu-ray Disc တွေနဲ့ JVC HD camcorders ကင်မရာတွေကနေစပြီး ထည့်သွင်းပေးနိုင်သလို BD-J activation နဲ့ DVD ဒါမှမဟုတ် Blu-Ray discs တွေကို ပြန်ပြီး ထုတ်လုပ်ပေးနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ပြုလုပ်နေတဲ့ RevoStock ကနေပြီးတော့ Professional templates လေးတွေကို ထည့်သွင်းပေးနိုင်ပါတယ်။ တစ်ချိန်ထဲမှာ Music studio-quality titles, transitions နဲ့ တခြား effects လေးတွေကိုလည်း ထည့်သွင်းပေး နိုင်ပါတယ်။ ထည့်သွင်းပေးမယ့် သီချင်းကိုလည်း မိမိတို့ နှစ်သက်သလို ပြုပြင်ဖန်တီးပေးနိုင်ပါတယ်။ 3D Effects လေးတွေနဲ့လည်း မိမိတို့ နှစ်သက်သလို Box လေးတွေပြုလုပ်ပေးနိုင်ခြင်း၊NVIDIA CUDA technology နဲ့ Intel Core i7 အထိကို Support လုပ်ပေးခြင်း၊ Movies တွေကို မိနစ်ပိုင်းအတွင်းမှာ အမြန်ထုတ်ပေးနိုင်ခြင်း၊ ထုတ်ပေးထားတဲ့ Video တွေကို YouTube, Vimeo, Facebook နဲ့ Flickr တွေကို တိုက်ရိုက် Upload ပြုလုပ်ပေးနိုင်ခြင်း၊ Movies တွေကိုလည်း iPod, iPhone, PSP နဲ့ တခြား mobile devices တွေမှာ Save ပေးနိုင်ခြင်း စတဲ့ Features လေးတွေတော်တော်များများပါဝင်ပါတယ်။
Support လုပ်ပေးနိုင်တဲ့ Input/Output Device တွေကတော့ 1394 FireWire ၊ Card နဲ့ အသုံးပြုတဲ့ DV/D8/HDV ဆိုတဲ့ လက်ကိုင်ကင်မရာလေးတွေ ၊ OHCI Compliant IEEE-1394 ၊ DV cameras တွေအတွက် USB Device တွေ၊ ဗွီဒီယိုကင်မရာတွေမှာ အသုံးပြုတဲ့ Capture Card တွေအတွက်ကို ဝင်းဒိုး XP အတွက် Support လုပ်ပေးနိုင်တဲ့ VFW WDM ၊ Window Vista နဲ့ Window 7 အတွက် Support လုပ်ပေးနိုင်တဲ့ Broadcast Driver Architecture တွေ ၊ disc/memory/hard drive camcorders တွေအတွက် USB Device တွေ၊ ပြီးတော့ Blu-ray-, DVD-R/RW, DVD+R/RW, DVD-RAM ဒါမှမဟုတ် CD-R/RW drive တွေ၊ Apple- iPhone-, iPad-, iPod classic, iPod touch, Sony- PlayStation Portable, Pocket PC, smartphones တွေ ကိုလည်း Support လုပ်ပေးနိုင်ပါတယ်။ နောက်ထပ် Support လုပ်ပေးနိုင်တဲ့ Input Format တွေကတော့ Video ဖိုင် Type တွေ အတွက် AVI, MPEG-1, MPEG-2, AVCHD-, MPEG-4, H.264, BDMV, DV, HDV-, DivX-, QuickTime-, RealVideo-, Windows Media- Format, MOD (JVC- MOD File Format), M2TS, M2T, TOD, 3GPP, 3GPP2 ဆိုပြီး Support လုပ်ပေးနိုင်သလို Audio ဖိုင် type တွေအတွက် Dolby- Digital Stereo, Dolby- Digital 5.1, MP3, MPA, WAV, QuickTime, Windows Media- Audio ဆိုပြီး Support လုပ်ပေးနိုင်ပါတယ်။ နောက်ထပ် Images ဖိုင် Type တွေအတွက် ကတော့ BMP, CLP, CUR, EPS, FAX, FPX, GIF, ICO, IFF, IMG, J2K, JP2, JPC, JPG, PCD, PCT, PCX, PIC, PNG, PSD, PSPImage, PXR, RAS, RAW, SCT, SHG, TGA, TIF, UFO, UFP,WMF ဆိုပြီး ဖိုင် Type တွေကို Support လုပ်ပေးနိုင်ပါတယ်။ Output လုပ်ပေးနိုင်တဲ့ Format တွေကတော့ AVI, MPEG-2, AVCHD, MPEG-4, H.264, BDMV, HDV, QuickTime, RealVideo, Windows Media Format, 3GPP, 3GPP2, FLV တွေနဲ့ Audio ဖိုင် Type တွေအတွက် Dolby Digital Stereo, Dolby Digital 5.1, MPA, WAV, QuickTime, Windows Media Audio, Ogg Vorbis ဆိုပြီး Support လုပ်ပေးနိုင်ပါတယ်။

နောက်ထပ်ကျွန်တော်တို့ လိုအပ်တဲ့ System ပိုင်းတွေအနေနဲ့ Microsoft Windows- 7, Windows Vista- , Windows- XP တွေနဲ့ နောက်ဆုံး latest service packs တွေနဲ့ 32-bit သို့မဟုတ် 64-bit OS တွေကိုပါ Support လုပ်ပေးနိုင်ပါတယ်။ နောက်ထပ်လိုအပ်တဲ့ Processer တွေကို အနိမ့်ဆုံးအဆင့်အနေနဲ့ Intel- Core- Duo 1.83 GHz, AMD Dual-Core 2.0 GHz လိုအပ်ပါတယ်။ RAM အနေနဲ့ အနိမ့်ဆုံး 1 G လိုအပ်ပါတယ်။ VGA အနေနဲ့ 128 MB အနိမ့်ဆုံးလိုအပ်ပါတယ်။ Hard drive free space 3 G ရှိရပါမယ်။ အနိမ့်ဆုံး display resolution က 1024 x 768 ရှိရပါမယ်။ Installation လုပ်ရန်အတွက် DVD-ROM drive ၊ Blu-ray- discs တွေဖန်တီးပေးနိုင်ဖို့အတွက် Blu-ray- drive တွေနဲ့ Online features တွေနဲ့ Tutorial videos တွေကို ထပ်လိုတယ်ဆိုရင်တော့ Internet connection လိုအပ်ပါတယ်။ ကျွန်တော် ဒီကောင်လေးကို Installation လုပ်တဲ့ အပိုင်းကိုတော့ မပြောပြတော့ပါဘူး။ သာမာန်လုပ်ရိုးလုပ်စဉ်အတိုင်းပါပဲ။ ကျန်တဲ့ Register လုပ်တဲ့ Key ဖြည့်ပေးရတဲ့ အပိုင်းလေးကိုတော့ ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ တစ်ဆင့်ခြင်းစီ ရှင်းပြပေးထားပါတယ်။ဒါကတော့ ကျွန်တော်တို့ ပထမဆုံး Installation လုပ်တဲ့အပိုင်းဖြစ်ပါတယ်။

 
ဒီအပိုင်းမှာ ကျွန်တော်တို့ ပြထားတဲ့ အတိုင်း ကျွန်တော်တို့မှာ Key ရှိနေတဲ့ အတွက် Already Purchased? ဆိုတာလေးကို ကလစ်ပေးပါမယ်။
 ဒီအဆင့်မှာတော့ ကျွန်တော်တို့ရဲ့ Keygen လေးကိုဖွင့်ပြီး Corel VideoStudio Pro X4 v14.0 ဆိုတာလေးကိုအရင်ရွေးပါမယ်။ ပြီးတာနဲ့ အောက်မှာပေးထားတဲ့ Serial key လေးကိုယူပြီး ပုံမှာပြထားတဲ့ အတိုင်းထည့်ပေးလိုက်ပါ။

 
အပေါ်ပုံလေးမှာ ပြထားတဲ့အတိုင်း Serial key ထည့်ပြီးသွားပြီဆိုရင်တော့ Working Offline ဆိုတဲ့ Tab လေးအောက်က Phone Corel ဆိုတာလေးကိုရွေးပေးပါ။
 
ကျွန်တော်တို့ အဲ့ဒီမှာဆိုရင် ပေးထားတဲ့ Installation code ဆိုတာလေးကို ကူးပြီး Keygen လေးမှာရှိတဲ့ Installation code ဆိုတဲ့ နေရာလေးမှာ ကူးထည့်ပေးပြီးအောက်မှာပြထားတဲ့ Activation ဆိုတာလေးကိုကလစ်ပေးလိုက်ပါ။ အဲ့ဒါဆိုရင် ကျွန်တော်တို့ အတွက်လိုအပ်တဲ့ Activation Code လေးကျလာပါမယ်။
ကျွန်တော်တို့ Activation Codeကိုကူးပြီး အောက်ကပုံမှာပြထားတဲ့အတိုင်း Activation Code ဆိုတဲ့နေရာလေးမှာ ပြန်ပြီးကူးထည့်ပေးလိုက်ပါ။ ပြီးရင်တော့ Continue ကိုနှိပ်လိုက်ပါ။
  အခုဆိုရင် ကျွန်တော်တို့ Serial key လေးထည့်တာပြီးသွားပါပြီ။ ကျွန်တော်အောက်မှာ Notepad လေးနဲ့ လင့်ခ်လေးတွေထည့်ပေးထားပါတယ်။ နောက်ပိုင်းမှာလည်း ကျွန်တော်တစ်မျိုးခြင်းစီကို သူ့တို့မှာပါဝင်တဲ့ Features လေးတွေ လိုအပ်တဲ့ အစိတ်အပိုင်းလေးတွေကအစ အသေးစိတ်ရှင်းပြပေးသွားပါ့မယ်။ ဖိုင်ဆိုဒ်တွေကလည်းနည်းနည်းများတော့ သည်းခံပြီး Download ဆွဲပေးကြပါဗျာ။ ကျွန်တော် ဖိုရမ်မှာ ဇာနည် နာမည်နဲ့ တင်ထားတာတော့ကြာပါပြီ။  အခုမှတင်ပေးဖြစ်သွားတာပါ။ အောက်ကလင့်ခ်လေးမှာ Google site ကနေတင်ပေးထားပါတယ်။ ယူသွားလိုက်ပါဗျာ။  Corel VideoStudio Pro X4 v14.0.0.342 + Video Tutorials  
 




ဒီလင့်ခ်လေးမှာယူလိုက်ပါ
အားလုံးပဲအဆင်ပြေကြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။